Refugee Experience in Australia Study

သြစတြေးလျားရှိ ဒုက္ခသည်များ၏ အတွေ့အကြုံဆိုင်ရာ လေ့လာဆန်းစစ်မှု

သြစတြေးလျားရှိ ဒုက္ခသည်များ၏ အတွေ့အကြုံဆိုင်ရာ လေ့လာဆန်းစစ်မှု

ကောင်းပါပြီ၊ စစ်တမ်းကို စတင်လုပ်ပါ။

နောက်ခံအကြောင်းအချက်

လက်ရှိ လူမှုဆက်ဆံရေး ပြဿနာများအကြောင်းနှင့် စပ်လျဉ်း၍ အရေးကြီးသော နိုင်ငံတစ်ဝန်း ဆန်းစစ်လေ့လာမှုတစ်ခုဖြစ်သည့် Refugee and Humanitarian Entrants’ Social Connectedness and Sense of Belonging Research Project (ဒုက္ခသည်များနှင့် လူသားချင်းစာနာထောက်ထားမှုအရ နိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြသူများ၏ လူမှုဆက်ဆံရေးပိုင်း ချိတ်ဆက်မှုရှိခြင်းနှင့် ပါဝင်သက်ဆိုင်မှုရှိစိတ်တို့အပေါ် သုတေသနပြုခြင်းဆိုင်ရာ စီမံကိန်း) အပေါ် စိတ်ဝင်စားသည့်အတွက် သင့်အား ကျေးဇူးတင်ပါသည်။ ဤစစ်တမ်းကိုပြုလုပ်၍ သင့်အမြင်နှင့် အာဘော်တို့ကိုကြားသိရခြင်းအားဖြင့် အနာဂတ်တွင် သြစတြေးလျားသို့ လာကြမည့် ဒုက္ခသည်များနှင့် လူသားချင်းစာနာထောက်ထားမှုအရ ဝင်ရောက်ကြမည့်သူများအတွက် အခြေချနေထိုင်ရေးဆိုင်ရာ လမ်းကြောင်းခရီးစဉ်ကို တိုးတက်ကောင်းမွန်လာစေရန် သင့်အနေနှင့် ကူညီပေးနိုင်မည့် နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။

ဤသုတေသနကို မည်သူက စီမံဆောင်ရွက်နေသနည်း။

ဩစတြေးလျားတွင် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် လူများအား စစ်တမ်းများဖြင့် အမြဲပင် စုံစမ်းမေးမြန်းလေ့ရှိပါသည်။ ဤစစ်တမ်းကို Social Research Centre လူမှုသုတေသနဌာနက Scanlon Foundation Research Institute (Scanlon Foundation) (စကင်န်လန် သုတေသန အဖွဲ့အစည်း) နှင့် ပူးပေါင်း၍ စီမံဆောင်ရွက်နေပါသည်။

Scanlon Foundation ( www.scanlonfoundation.org.au) သည် သြစတြေးလျားသို့ ရွှေ့ပြောင်းနေထိုင်ကြသူများ ရင်ဆိုင်နေရသော အခက်အခဲများကို သိရှိနားလည်ရန် သုတေသနကို ပံ့ပိုးပေးပါသည်။ Social Research Centre (www.srcentre.com.au)သည် Australian National University (ANU) သြစတြေးလျား အမျိုးသားတက္ကသိုလ်) ပိုင်ဆိုင်သော မဲလ်ဘုန်းမြို့တော်အခြေစိုက် အချုပ်အချယ်ကင်းသည့် သြစတြေးလျန် လူမှုရေး သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

Australia@2015 စစ်တမ်းသည် Scanlon Foundation စက်င်န်လန် အဖွဲ့အစည်းနှင့် Monash University မော်နက်ရှ် တက္ကသိုလ်တို့က 2015 ခုနှစ် စက်တင်ဘာလ နှင့် 2016 ခုနှစ် ဖေဖော်ဝါရီလအတွင်း ဦးစီးလုပ်ဆောင်ခဲ့သော လေ့လာဆန်းစစ်မှုတစ်ရပ်ဖြစ်ပြီး ဒုက္ခသည်များနှင့် လူသားချင်းစာနာမှုအရ ရွှေ့ပြောင်းလာ၍နေထိုင်ကြသူများ အပါအဝင် လူဦးရေ အုပ်စုခွဲများကို ပိုမိုနားလည်စေရန် ရည်ရွယ်ခဲ့ပါသည်။ အစီရင်ခံစာကို ပြည့်ဝစွာ ဖော်ပြထားသည့် https://scanlonfoundation.org.au/wp-content/uploads/2020/07/Au@2015-final.pdf တွင် ဤအစီရင်ခံချက်ကို တွေ့နိုင်ပါသည်။

ဤသုတေသနက မည်သည့်အကြောင်းနည်း။

ဤသုတေသနသည် ဩစတြေးလျားတွင် နေထိုင်မှု အခြေကြခြင်းနှင့် ဝင်ဆံ့ရောနှောနေထိုင်ခြင်းတို့ဖြင့် စပ်လျဉ်း၍ သင့်အတွေ့အကြုံ၊ စပ်ဆိုင်ပတ်သက်မှုရှိခြင်းနှင့် ချိတ်ဆက်မှုရှိခြင်းတို့အပေါ် သင့်ထင်မြင်ယူဆချက်များအပြင် သြစတြေးလျားကို ရောက်ရှိလာကတည်းက သင့်မား မည်သို့မည်ပုံ ပံ့ပိုးပေးခဲ့ခြင်းကို သိနားလည်ရန် ရည်ရွယ်ထားပါသည်။

စစ်တမ်း၌ မည်သည့်အကြောင်းများ ပါဝင်မည်နည်း။

စစ်တမ်းကို အွန်လိုင်းတွင် တင်ထားမည်ဖြစ်ပြီး မေးခွန်းအများစုအတွက် ဖော်ပြထားမည့် ရွေးချယ်စရာ အဖြေများစာရင်းမှ သင့်အား တုံ့ပြန်ရွေးချယ်ခိုင်းမည်ဖြစ်ပါသည်။ ရံဖန်ရံခါတွင် သင့်အား တိုတောင်းသောအဖြေကို စာရိုက်ရေးခိုင်းနိုင်ဖွယ်ရှိပါမည်။

စစ်တမ်းကို အာရဗီ၊ ဒါရီ/ပါရှန်း၊ အဆီးရီယန် နီယို-အာရမိတ်၊ မြန်မာ၊ ကရင်၊ ချင်း ဟားခါး၊ ဆွာဟီလီ၊ နီပေါ၊ ဟာဇာရာဂီနှင့် တစ်ဂရီးနီးယား ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။ စစ်တမ်းတွင် ပါဝင်လိုသူများသည် တယ်လီဖုန်းမှတဆင့် စကားပြန်နှင့် လူတွေ့မေးမြန်းသူကို တောင်းဆိုနိုင်ရန် စစ်တမ်း၏ ထိပ်စည်းစာမျက်နှာတွင် ဘာသာပြန်ထားချက်များကို ထားရှိပေးထားပါသည်။ ဤဘာသာစကားများတွင် ပါရှန်း၊ ချာလ်ဒီန် နီယို-အာရမိတ်၊ ဆိုမာလီ၊ ပါရှ်တို၊ အိုရိုမို၊ တိဗက်၊ ကရ်ဒစ်ရှ်၊ အူရဒူ၊ အမ်ဟာရီ၊ ကင်ညာ ရဝမ်ဒါ၊ ဒင်ကာ၊ အာမေးနီးယန်း၊ တူရကီ၊ ကီရွန်ဒီ နှင့် စပိန်ဘာသာစကားများ ပါဝင်ပါသည်။

အကယ်၍ သင် စစ်တမ်းကို မြန်မာဘာသာစကားဖြင့် ပြီးပြည့်အောင် ဖြည့်စွက်ရန် စိတ်ပါဝင်စားကြောင်းကို တင်ပြလိုလျှင် စကားပြန်မှတဆင့် ဆက်သွယ်ဖို့ စီစဉ်နိုင်ရန် 1800 297 015 ကို ဖုန်းဆက်ပါ သို့မဟုတ် voices@srcentre.com.au သို့ အီးမေးလ်ပို့ပါ။

မည်သူ့ကို လူတွေ့မေးမြန်းမည်နည်း။

ဤသုတေသန၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျွန်ုပ်တို့သည် ဩစတြေးလျားတွင် အခြေချနေထိုင်ခဲ့စဉ်က မည်နည်းမည်ပုံရှိခဲ့သည်ကို သိရှိနားလည်ရန် လွန်ခဲ့သော 10 နှစ်အတွင်း ရောက်ရှိလာခဲ့ကြသော သြစတြေးလျားနိုင်ငံတစ်ဝန်းရှိ အခြားသော လူသားချင်းစာနာထောက်ထားမှုအရ ဝင်ရောက်လာသူများနှင့် ဒုက္ခသည်များနှင့် စကားပြောနေပါသည်။

သုတေသနတွင် သင် ပါဝင်နိင်ရန် အောက်ပါအချက်များနှင့်ပြည့်စုံ ရပါမည်။

  • အသက် 18 နှစ် အထက်ဖြစ်ရမည်၊ လူတွေ့မေးမြန်းမည့်နေ့၌ ဩစတြေးလျားတွင် လက်ရှိနေထိုင်သူဖြစ်ရမည်၊ 2011 ခုနှစ် ဇွန်လ 1 ရက် မှ 2021 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့အကြားတွင် ဒုက္ခသည် သို့မဟုတ် ဒုက္ခသည် မဟုတ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဗီဇာချပေးခံရသူ ဖြစ်ရမည်။ ဤစာရင်းထဲ၌ နောက်ပိုင်းတွင် ဗီဇာအဆင့်အတန်း ပြောင်းလဲသွားနိုင်ခဲ့သူများ (ဥပမာ၊ နိုင်ငံသားဖြစ်လာသူ) ပါဝင်ပါသည်။ သင်သည် အဓိက လျှောက်လွှာရှင်ဖြစ်ရန် မလိုအပ်ဘဲ အဓိက မဟုတ်သော လျှောက်ထားသူအဖြစ် တူညီသောဗီဇာကို ရခဲ့သော မိသားစုဝင်တစ်ဦးဖြစ်နိုင်ပါသည်။

ကျွန်ုပ်၏ကိုယ်ရေးကိုယ်တာကိစ္စနှင့် ပတ်သက်ပြီးတော့ကော။

သင်တင်ပြမည့် အချက်အလက်များအားလုံးသည် လျှို့ဝှက်ဖြစ်ပြီး သုတေသန ရည်ရွယ်ချက်အတွက်သာ အသုံးပြုပါမည်။ ဆိုလိုသည်မှာ သင့်အသေးစိတ်အချက်အလက်များကို သုတေသနအဖွဲ့ဝင်မဟုတ်သူ မည်သူနှင့်မျှ မျှဝေမည်မဟုတ်ပါ။ အစီရင်ခံရာ၌ အသုံးပြုမည့် မည်သည့်အချက်အလက်ကိုမဆို အမည်ကွယ်ဝှက်ထားမည်ဖြစ်ပါသည်၊ ဆိုလိုသည်မှာ သင့်အမည်၊ သင်နှင့် တစ်သီးတစ်သန့် သက်ဆိုင်သော အချက်အလက်များကို အသုံးပြုမည်မဟုတ်ပါ။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို အစိုးရနှင့် မျှဝေမည်မဟုတ်ပါ။

သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဩစတြေးလျားဥပဒေနှင့် ကာကွယ်ပေးထားပါသည်။ လေ့လာဆန်းစစ်မှုကို Privacy Act 1988 (Cth) (1988 ခုနှစ် နိုင်ငံတော်အစိုးရ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အက်ဥပဒေ)၊ Privacy (Market and Social Research) Code 2014 (2014 ခုနှစ် ကိုယ်ရေးလျှို့ဝှက်မှု (ဈေးကွက်နှင့် လူမှုရေးဆိုင်ရာ သုတေသန) ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း)၊ Australian Privacy Principles (သြစတြေးလျန် ကိုယ်ရေးကိုယ်တာ အချက်အလက်များဆိုင်ရာ အခြေခံမူများ) တို့နှင့် အညီ လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပါသည်။

Social Research Centre ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို www.srcentre.com.au/taking-part-in-research/survey-participants/RIPP. တွင် တွေ့နိုင်ပါသည်။. သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို Privacy Act 1988 (1988 ခုနှစ် ကိုယ်ရေးအချက်အလက်ဆိုင်ရာ အက်ဥပဒေ) နှင့် ကာကွယ်ပေးထားပါသည်။ Scanlon Foundation သည် ဤသုတေသန၏ အစိတ်အပိုင်းတစ်ရပ်အနေနှင့် ဤအက်ဥပဒေကို ထပ်တူထပ်မျှ လိုက်နာနေပါသည်။

စစ်တမ်းကို နှစ်ခါပြန် ဖြေဆိုမိသူများ မရှိစေရန်နှင့် ဖြေဆိုသူများအားလုံးသည်လည်း သြစတြေးလျားတွင် တည်ရှိနေကြောင်းကို သေချာစေရန် IP လိပ်စာအသေးစိတ်အချက်အလက်များကို ကောက်ယူစုဆောင်းပါသည်။ ယာယီဖိုင်များမှာ IP လိပ်စာများပါရှိသော်လည်း လျှို့ဝှက်ထားမှုကိုသေချာစေရန် ကွင်းဆင်းလေ့လာမှုများ ပြီးဆုံးသည်နှင့်တပြိုင်နက် ၎င်းတို့ကို သီးခြားဖိုင်တစ်ခုတွင် သိမ်းဆည်းထားမည်ဖြစ်ပါသည်။

သင့်၌ မေးစရာများ တစ်စုံတစ်ရာရှိလျှင် သို့မဟုတ် စိုးရိမ်မှု တစ်စုံတစ်ရာရှိလျှင် သို့မဟုတ် သင့်ထံ၌ အထက်ပါ မူဝါဒကို ဖတ်ရှုရန် ဘာသာပြန်တစ်ဦး လိုအပ်လျှင် ကျေးဇူးပြု၍ Social Research Centre 1800 023 040 ကို ဖုံးဆက်ပါ၊ သို့မဟုတ် voices@srcentre.com.au ကို အီးမေးလ်ပို့ပါ။

Bellberry Human Research Ethics Committee (ဘဲလ်ဘယ်ရီ လူသားဆိုင်ရာ သုတေသန ကျင့်ဝတ်ဆိုင်ရာ ကော်မတီ) သည် ပြုပြင်မွမ်းမံမှုများ အားလုံးကို ပေါင်းစပ်ထည့်သွင်းထားသည့် National Statement on Ethical Conduct in Human Research (2007) (2007 ခုနှစ်၊ လူသားသုတေသနပြုရာတွင် ကျင့်ဝတ်သိက္ခာ စီမံခန့်ခွဲရေးအပေါ် နိုင်ငံတော် ထုတ်ပြန်ချက်) နှင့်အညီ ဤဆန်းစစ်လေ့လာမှုကို ပြန်လည်သုံးသပ်ပြီး သဘောတူခွင့်ပြုခဲ့ပါသည်။ လူသားသုတေသနဆိုင်ရာ ဆန်းစစ်လေ့လာမှုများတွင် ပါဝင်ရန်သဘောတူသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဤထုတ်ပြန်ချက်ကို ရေးဆွဲဖော်ထုတ်ထားခြင်းဖြစ်ပါသည်။ သင်သည် အထူးသဖြင့် မူဝါဒများ၊ အချက်အလက်များ သို့မဟုတ် ဆန်းစစ်လေ့လာမှု ပြုမူဆောင်ရွက်ပုံ သို့မဟုတ် ပါဝင်ပတ်သူတစ်ဦး၏ ရပိုင်ခွင့်များ၊ ယင်းအကြောင်းများတို့နှင့် ပတ်သက်သည့် ကိစ္စများကို တိုက်ရိုက်သက်ဆိုင်မှု မရှိသူနှင့် ဆန်းစစ်လေ့လာမှုဆိုင်ရာ အကြောင်းများကို ဆွေးနွေးလိုပါက သို့မဟုတ် တိုင်ကြားမှုလုပ်ငန်းစဉ်ဆိုင်ရာ စာရွက်စာတမ်းကို ကြည့်ရှုလိုပါက၊ သင်သည် Bellberry Limited ၏ Operations Manager (လုပ်ငန်းစီမံခန့်ခွဲရေး မန်နေဂျာ)၊ အား 08 8361 3222 ၌ ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်အတွက် မည်သည့်အကျိုးရှိမည်နည်း။

သင့်အတွေ့အကြုံများကို မျှဝေခြင်းအားဖြင့် လူသားချင်းစာနာထောက်ထားမှုအရ ဝင်ရောက်မည့်သူများနှင့် ဒုက္ခသည်များ သြစတြေးလျားကို ရောက်ရှိလာကြမည့်အခါတွင် ရရှိနိုင်မည့် အထောက်အပံ့များ တိုးတက်ကောင်းမွန်လာစေရန် ထောက်ကူပေးမည်ဖြစ်ပါသည်။ ၎င်းသည် သြစတြေးလျားကို ရောက်ရှိလာမည့် လူသစ်များ၏ အခြေချနေထိုင်မှုဆိုင်ရာ ခရီးစဉ် ပိုကောင်းလာစေရန် ပံ့ပိုးပေး‌မှုတွင် သင့််အနေနှင့် ကူညီနိုင်မည့် အခွင့်အရေးတစ်ခုပင်ဖြစ်ပါမည်။

သင်အချိန်ပေးခြင်းကို ကျေးဇူးတင်သည့်အနေဖြင့် ဒေါ်လာ 50 တန် ကျေးဇူးတင် e-လက်ဆောင်ကတ် ဆုမဲ 10 ခုအနက် တစ်ခုပေါက်မည့် မဲဖောက်ပေးပွဲစာရင်းတွင် သင့်အမည်ကို ထည့်ပေးပါလိမ့်မည်။ စည်းကမ်းသတ်မှတ်ချက်အသေးစိတ်ကို ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်၏ ဤနေရာ Terms and Conditions တွင် ကြည့်နိုင်ပါသည်။

အစီရင်ခံစာကို 2023 ခုနှစ် ဇွန်လ မတိုင်မီ Scanlon Foundation Research Institute ၏ ဝက်ဘ်ဆိုဒ် ဖြစ်သော ( www.scanloninstitute.org.au/research ) တွင် ဖတ်ရှုနိုင်ပါလိမ့်မည်။

ကျွန်ုပ်အတွက် အန္တရာယ်ရှိမည်လား။

သုတေသနအကြောင်းကိစ္စများကြောင့် လူတွေ့မေးမြန်းနေစဉ် သို့မဟုတ် ကုန်ဆုံးပြီးနောက် ကိုယ်စိတ်မချမ်းမြေ့ခြင်း သို့မဟုတ် ဝမ်းနည်းစိတ်ဖြစ်နိုင်ပါမည်။ သင် ဩစတြေးလျားကို အဘယ်ကြောင့် သို့မဟုတ် မည်ကဲ့သို့ ရောက်လာသည်ကို မေးမြန်းမည် မဟုတ်ပါ။ ထိုအစား၊ ဩစတြေးလျားတွင် အခြေချပြီးကတည်းက သင့်အတွက် အခြေအနေအားလုံး မည်ကဲ့သို့ရှိနေခဲ့သည်နှင့် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ ပိုမိုကောင်းမွန်လာနိုင်စေခဲ့ရန် မည်သည့်အရာများ လုပ်ဆောင်ပေးနိုင်ခဲ့မည်ကိုလည်း အဓိကထား မေးမည်ဖြစ်ပါသည်။ ဤသုတေသနတွင် ပါဝင်ရန် မဆုံးဖြတ်မီ လူတွေ့မေးမြန်းခြင်းက မိမိအတွက် အဆင်ပြေ‌ကြောင်း နှင့် ဘေးကင်းကြောင်းကို သေချာစေရန်အတွက် သင်ယုံကြည်ရသူတစ်ဦးဦးနှင့် ဆွေးနွေးသင့်ပါသည်။

သင့်အား ပံ့ပိုးကူညီပေးနေသော ဝန်ဆောင်မှုအဖွဲ့အစည်းက ဤသုတေသနကို မြှင့်တင်ပေးခြင်းကြောင့် ပံ့ပိုးကူညီမှုများကို ဆက်လက်ရရှိနေအောင် သင်ပါဝင်ရန် လိုအပ်သည်ဟု သင် ယူဆနိုင်ပါသည်။ အကယ်၍သင်သည် သုတေသနတွင် မပါဝင်ရန် ဆုံးဖြတ်လျှင်၊ ၎င်းကြောင့် သင်နှင့် သင့်အား ပံ့ပိုးကူညီပေးနေသော ဝန်ဆောင်မှုအဖွဲ့အစည်း၊ သင်နှင့် Scanlon Foundation၊ သင်နှင့် Social Research Centre တို့အကြားတွင်ရှိသော ဆက်ဆံရေးများကို ထိခိုက်ပျက်ပြားစေမည် မဟုတ်ပါ။

ဤသုတေသနကို အစိုးက ရန်ပုံငွေ ထောက်ပံ့ထားသောကြောင့် သင်ပြောသမျှအရာများက အစိုးရ၏ပံ့ ပိုးကူညီမှုကိုဖြစ်စေ၊ အကူအညီကိုဖြစ်စေ၊ နိုင်ငံသားဖြစ်ခွင့်ကိုဖြစ်စေ၊ ဗီဇာလျှောက်လွှာကိုဖြစ်စေ၊ ထိခိုက်စေနိုင်လိမ့်မည်ဟု သင်ထင်ကောင်းထင်မည်။ သုတေသနတွင် သင် ပါဝင်ရန်ဖြစ်စေ မပါဝင်ရန်ဖြစ်စေ ယင်းဆုံးဖြတ်မှုက အစိုးရထံမှ သင်ရရှိမည့် ပံ့ပိုးကူညီမှု သို့မဟုတ် အခြားဝန်ဆောင်မှုအပေါ် ထိခိုက်မှု ရှိလိမ့်မည်မဟုတ်ပါ။ ဤသုတေသနတွင် ပါဝင်ခြင်းအားဖြင့် သင်၏ သို့မဟုတ် သင့်အနီးစပ်လူများ၏ နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် ဗီဇာလျှောက်လွှာများအပေါ် ထိခိုက်မှု ရှိလိမ့်မည်မဟုတ်ပါ။

အကယ်၍သင်သည် သုတေသနတွင် မပါဝင်ရန် ဆုံးဖြတ်လျှင်၊ သင်အချိန်မရွေး နုတ်ထွက်နိုင်ပါသည်။. အကယ်၍သင်သည် စစ်တမ်းကို ပြီးဆုံးအောင် ဖြည့်စွက်ပြီးနောက်၊ သုတေသနမှ နုတ်ထွက်လိုလျှင်၊ သင်သည် (အောက်ပါအသေးစိတ်အချက်များအရ) စုံစမ်းစစ်ဆေးရေး ဦးစီးမှူးများကို ဆက်သွယ်ပြီး အသိပေးနိုင်ပါသည်။ စစ်တမ်းကောက်ယူသည့်အချိန်တွင် သင့်အား ဆက်သွယ်နိုင်သည့် အသေးစိတ်အချက်အလက်များကို သင်မပေးခဲ့ပါက ကျွန်ုပ်တို့သည် သင့်စစ်တမ်းတုံ့ပြန်ချက်များကို ခွဲခြားမထုတ်ဖော်နိုင်သည့်အပြင် အချက်အလက်များကို ဖျက်‌ပေးနိုင်မည်လည်း မဟုတ်ပါ။ အကယ်၍ သင့်စစ်တမ်းတုံ့ပြန်ချက်များကို ခွဲခြားထုတ်ဖော်နိုင်ရန် သင့်အသေးစိတ် အချက်အလက်များကို တင်ပြခဲ့ပါက ယင်းအချက်အလက်များကို ဖျက်ပစ်မည်ဖြစ်ပြီး ရှေ့ဆက်၍ ဆန်းစစ်မှုကို ပြုတော့မည် မဟုတ်ဘဲ အစီရင်ခံစာများတွင်လည်း အသုံးပြုတော့မည်မဟုတ်ပါ။ အကယ်၍ သင့်အချက်အလက်များကို အစီရင်ခံချက်တွင် အသုံးပြုပြီးသားဖြစ်နေလျှင်မူ ၎င်းကို ဖယ်ရှားပေးနိုင်စွမ်းရှိတော့မည် မဟုတ်ပါ။

Social Research Centre က သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ပေးရန် ကတိကဝတ်ပြု တာဝန်ယူထားပြီး ဖြစ်နိုင်ခြေရှိသော မည်သည့်ဘေးအန္တရာယ်မျိုးများကမဆို သင့်အား ကာကွယ်ပေးရန် စနစ်ပေါင်းမျိုးစုံရှိပါသည် (အထက်ပါ ‘‘ကျွန်ုပ်၏ကိုယ်ရေးကိုယ်တာကိစ္စနှင့် ပတ်သက်ပြီးတော့ကော’’။ ခေါင်းစဉ်အောက်၌ကြည့်ပါ)။ သင့်စစ်တမ်းအချက်အလက်များသည် ဥပဒေက ခွင့်ပြုသလောက် လျှို့ဝှက်မှုရှိမည်ဖြစ်ပြီး သင်ဖြေကြားရန် အဆင်မပြေသည့်မေးခွန်းများအတွက် 'မသိပါ' သို့မဟုတ် 'မပြောလိုပါ' ကို ရွေးချယ်နိုင်ပါသည်။

ကျွန်ုပ်၏ အချက်အလက်များကို မည်ကဲ့သို့ သိမ်းဆည်းထားမည်နည်း။

သုတေသနအဖွဲ့သည် Social Research Centre ၏ စကားဝှက်နှင့် ကာကွယ်ထားသော ကွန်ပျူတာများတွင် သင့်အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းထားမည်ဖြစ်ပါသည်။ Social Research Centre နှင့် Scanlon Foundation တို့သည် ငါးနှစ်ကြာပြီးနောက် သုတေသနနှင့် ပတ်သက်သမျှ အချက်အလက်များအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်ပါသည်။ Bellberry က (www.bellberry.com.au တွင်တွေ့နိုင်သော) Bellberry ၏ BA G11 သုတေသီ၏ အချက်အလက်များ သိမ်းဆည်းထားမှုနှင့် ထိန်းသိမ်းမှု လမ်းညွှန်ချက်နှင့်အညီ ဆယ့်ငါးနှစ်ကြာပြီးနောက် သုတေသနနှင့် ပတ်သက်သမျှ အချက်အလက်များအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်ပါသည်။

လုံခြုံသိုသိပ်သော ပံ့ပိုးကူညီရယူမှုကို ရယူလိုပါက ကျွန်ုပ်မည်သူ့အား ဆက်သွယ်နိုင်မည်နည်း။

အောက်ဖော်ပြပါ စိတ်ခံစားမှုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှု ဝန်ဆောင်မှုများသည် အခမဲ့ဖြစ်ပြီး၊ လျှို့ဝှက်ထားမည်ဖြစ်ပါသည်။ အကယ်၍သင့်အတွက် အဆင်မပြေမှုများဖြစ်နေလျှင် သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်နှင့်မဆို စကားပြောလိုလျှင် ၎င်းတို့အား အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

  • Beyond Blue အဖွဲ့အစည်း 1300 224 636
  • Lifeline အဖွဲ့အစည်း 131 114
  • Suicide Call Back Service (အဆုံးစီရင်လိုမှုဆိုင်ရာ ဖုန်းပြန်ခေါ်ပေးသော အဖွဲ့အစည်း) 1300 659 467
  • Foundation house အဖွဲ့အစည်း။ Supporting Refugees to Rebuild their lives (ဒုက္ခသည်များအား ၎င်းတို့၏ဘဝ ပြန်လည်ထူထောင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်း) 03 9398 8900
  • Companion house အဖွဲ့အစည်း 02 6251 4550
  • MHERL, Mental Health Emergency Response Line (စိတ်ကျန်းမာရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ရေးဖုန်းလိုင်း)။ – 24 နာရီလုံးလုံး။ Metro (မြို့တွင်း) 1300 555 788 Peel အဖွဲ့အစည်း 1800 676 822 ((အခမဲ့ စကားပြန် ဝန်ဆောင်မှုအတွက် TIS 131 450 ကို ဖုန်းဆက်ပါ)။

ကျွန်ုပ်ထံ၌ တိုင်ကြားချက် သို့မဟုတ် စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာရှိလျှင် မည်သူ့အား ဆက်သွယ်နိုင်မည်နည်း။

သုတေသနပြုပုံနှင့် ပတ်သက်ပြီး တိုင်ကြားချက် သို့မဟုတ် စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာရှိလျှင် အောက်ပါပုဂ္ဂိုလ်များအား ဆက်သွယ်နိုင်ပါသည်။

Kylie Brosnan (ကိုင်လီ ဘရော့စ်နန်) | စုံစမ်းစစ်ဆေးရေးမှူး

The Social Research Centre, ဦးဆောင်ညွှန်ကြားရေးမှူး

အီးမေးလ်။ kylie.brosnan@srcentre.com.au

ဖုန်း။ +614 8845 5505 (မိုဘိုင်း) သို့မဟုတ် +613 9236 8500+ (ဧည့်ကြိုစားပွဲ)

Operations Manager (လုပ်ငန်းစီမံခန့်ခွဲရေး မန်နေဂျာ)

Bellberry Limited

အီးမေးလ်။ bellberry@bellberry.com.au

ဖုန်း။ 08 8361 3222

ကျင့်ဝတ်ဆိုင်ရာ ကော်မတီ ကင်းလွတ်ခွင့်ပေးမှု

ပြုပြင်မွမ်းမံမှုများ အားလုံးကို ပေါင်းစပ်ထည့်သွင်းထားသည့် National Statement on Ethical Conduct in Human Research (2007) (2007 ခုနှစ်၊ လူသားသုတေသနပြုရာတွင် ကျင့်ဝတ်သိက္ခာ စီမံခန့်ခွဲရေးအပေါ် နိုင်ငံတော် ထုတ်ပြန်ချက်) နှင့်အညီ ဤဆန်းစစ်လေ့လာမှုကို ပြန်လည်သုံးသပ်ပြီး သဘောတူခွင့်ပြုခဲ့ပါသည်။ လူသားသုတေသနဆိုင်ရာ ဆန်းစစ်လေ့လာမှုများတွင် ပါဝင်ရန်သဘောတူသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဤထုတ်ပြန်ချက်ကို ရေးဆွဲဖော်ထုတ်ထားခြင်းဖြစ်ပါသည်။ သင်သည် အထူးသဖြင့် မူဝါဒများ၊ အချက်အလက်များ သို့မဟုတ် ဆန်းစစ်လေ့လာမှု ပြုမူဆောင်ရွက်ပုံ သို့မဟုတ် ပါဝင်ပတ်သူတစ်ဦး၏ ရပိုင်ခွင့်များ၊ ယင်းအကြောင်းများတို့နှင့် ပတ်သက်သည့် ကိစ္စများကို တိုက်ရိုက်သက်ဆိုင်မှု မရှိသူနှင့် ဆန်းစစ်လေ့လာမှုအကြောင်းများကို ဆွေးနွေးလိုပါက သို့မဟုတ် တိုင်ကြားမှုလုပ်ငန်းစဉ်ဆိုင်ရာ စာရွက်စာတမ်းကို ကြည့်ရှုလိုပါက၊ သင်သည် Bellberry Limited ၏ Operations Manager (လုပ်ငန်းစီမံခန့်ခွဲရေး မန်နေဂျာ)၊ အား 08 8361 3222 ၌ ဆက်သွယ်နိုင်ပါသည်။